ပျော်ပါရစီ ပျော်ရစီ။
သြော်.... ချိန်ခါကြာညောင်း
 နိရက်တိပြောင်း 
ရွက်ဟောင်းတိကြွီ 
ရွက်သစ်ဝီဆာ
ပုရစ်ရွက်ဖူး 
ဝတ်ရည်လူး၍
 မြောက်ပြန်လီရူး
 နွီဦးလတာတခူးတောင် ရောက်ဖို့ယာ.....။
ဖူးပွင့်ဝီဆာ ပြည်ရခိုင်သည်
 ရွှေဝါအဆင်း ရနံသင်းပျံ
 လင်းရောင်ထိန်ဝါ
 ထွန်းလင်းပမာထည်ဝါလှသည် ရခိုင်​ပြည်​။ 
ရက်မြတ်ချိန်ထူး 
တာတခူးသည် ​ပျော်​ရွှင်​ကြည်​နူး
လူနတ်အပေါင်း သူတော်ကောင်းနှင့်
နတ်တို့အရှင် သိကြားမင်း ပင်ပျော်မြူးဆင်နွဲ 
သင်္ကြန်ပွဲကစည်ကားလှသည် ရခိုင်​ပြည်​။ 
လူနတ်စံရာ တာသင်္ကြန်မှာ 
မဏ္ဍပ်သဘင် ပျော်ပွဲဆင်ပြီး 
တနှစ်ညစ်ကြီး ရီလောင်းဆီးကာ 
သက်ကြီးပူဇော် နိဗာန်မျှော်လျှက် 
ဒါနအလှူ ကုသိုလ်ယူ၍ 
သာယာလှသည် ရခိုင်​ပြည်​။ 
ယေ​ကေလဲ​သော့ အ၀ီးမြီလား
အကျွန်ုပ်ကာ်းပြည်မှာမွီး ပြည်ချစ်သွီးလို့ 
ရက်မြတ်ချိန်ထူး 
တာတခူးမှာ အများနည်းတူ
 ပျော်မြူးချင်လည်း
 ရှောင်ဖယ်ကာဝီး ချိန်မပီး၍
 တွေးဆွေးမျှော်မှန်း 
အ၀ီးးကလွမ်းပနာတမ်းတမိသည် ပြည်ရခိုင်ဆီ။ 
ရင်ဝယ်တခု တောင်းဆုပြု
 နောက်နောင်အကြောင်း 
ခွင့်လမ်းကောင်းလျှင် ပန်းရောင်စုံဖူး
 တာတခူးမှာ 
များလူသူတော် ပေါင်းဖော်စုံနန့့်
 ကြည်နူးပျော်ရွှင် လက်တွဲငင်၍ပျော်ပါရစီ ပျော်ရစီ။
Comments
Popular posts from this blog
ရခိုင်
အွန်​လိုင်းထက်​မာတွိဆုံဂတ်​​သော့အခါ