ရခိုင်
ဂုဟိရေရခိုင်သားတိက အာရီယာန် အနွယ် ရခိုင်သားကို
မမြင်ဖူးလိုက် မတွိဖူးလိုက် ဗမာခွတ်ပခလို့ မျိုးရောပနာ ရခိုင် ပြည်မထဲမှာ မျိုးပြုန်းလားရေ အဂု ဘဂ်လာမှာရာ ဒေ အနွယ်တိ ဟိနိန်သီးရေ။
လက်ဦးအစရခိုင်ကြီးများသို့မဟုတ်အာရီယာန်အနွယ်သုံးမျိုး
(၁) ရေကြည်သား (ရီကြိုင်သား)
(၂) မာ့ရိုးသား( ဗြာဟ္မဏများ)
(၃) ကေါက်ကတန်းသားများ(မရမာများ)
ဤအနွယ် သုံးခုသည် လက်ဦးအစ အာရီယာန် ရခိုင်သားများ ဖြစ်သည်။
(၁) ရေကြည်သား(ရီကြိုင်သားခေါ်မဂဓ တိုင်သားများ)
သမိုင်းနောက်ခံ
ဗုဒ္ဓမြတ်စွာ မပွင့်မှီ ရှေးပဝေသဏီအချိန်က အိန္ဒြိယတိုက် မဇ္ဈိမဒေသ မာဂဓ တိုင်းပြည်ကြီးတွင် ဘိုးတော် ၀ရသင်္ခမင်းကြီး ထီးနန်းစိုးအုပ်လေသည်။ ထိုမင်းကြီးသည် သားငယ်ဖြစ်သော ရတနာ မင်းသားကို ခေါ်လျှက် မဂဓ တိုင်း၏ အရှေ့ဘက်ရှိ ဘာဂီရနဒီ (ဘာဂဲရနော်ဒီ၊ ဘာဂဲ=ကျား။ နော်ဒီ=မြစ်) အရှေ့ဘက် ခရိုင်ခြား၍ အပိုင်စားပေးလေ၏။
ထိုရတနာမင်းသားသည် နောက်လိုက်အသင်းသားတို့ကို ခေါ်ဆောင်ယူလျှက် အလ၀ီမည်သောမြို့ကိုတည်၍ စိုးစံလေ၏။ ထိုမြို့ကိုအစွဲပြု၍ ရခိုင်ပြည်ကို အာလ၀ီတိုင်း ဟူ၍ လူတို့ ခေါ်ကုန်၏။ လူအပေါင်းတို့မှာ နှလုံးသိမ်မွေ့သည့် အတွက် မရမာ ဟူ၍လည်း ပါဠိ ဘာသာဖြင့် တဖန် ခေါ်ကုန်၏။ ထို မရမာ ဟူသည်ကါး ရခိုင်တို့၏ ဘာသာစာကို ခေါ်သတည်း။ ထိုမရမာတို့ကို တဖန် ရေကြည်ရာ မြက်နုရာ ရှာ၍ နေထိုင် လာကြသည့် အတွက် ရေကြည်သား(ရီကြိုင်သား) ဟု ခေါ်ကုန်၏။ ရခိုင်သားအစ ရကြိုင်သား ဟူသည်ကါး မာဂဓ တိုင်းသား ခတ္တိယ အာရီယန်အနွယ် မင်းမျိုးများဖြစ်သတည်း။(မရမာ=မေ ရမ္မာ၊ မြမ္မာ၊ မေ=ငါ၊ ရမ္မ=မွေ့ခြင်း၊ ဘာသာပြန်လျှင် နှလုံးသိမ်မွေ့နူးညံ့သော ဇာတ် ဟူ၍ ရသည်။)
(၂) မာ့ရိုးသား ခေါ် ဗြာဟ္မဏများ
ဘီစီ ၃၃၂၅ ခု သို့ သက္ကရာဇ် ရောက်လတ်သောအခါ ကပိလ၀တ် ပြည်မှ ထွက်လာကြသော ၀ါသုဒေ၀ ဗလဒေ၀ အဉ္စနဒေ၀ီတို့သည် ရက္ခပူရတိုင်း အာကါပျံဝဲ ဒွါရာဝတီ သံတွဲမြို့တွင် ထီးနန်းစိုက်လျှက် နေစဉ် ဘီလူးရန်ကြောင့် အဉ္စဒေ၀ီနှင့် ပရောဟိတ် ပုဏ္ဏားတို့သည် မြောက်ဘက်သို့ ဆန်တက်ကါ ဝေသာလီ မြို့ဟောင်းတွင် ထီးနန်းစိုးစံ လေသည်။
ထိုမင်းဆက်သည်ကါး ခတ္တိယအနွယ် အဉ္စနဒေ၀ီနှင့် ဗြာဟ္မဏအနွယ် ပရောဟိတ် ပုဏ္ဏားဇာတ်တို့ ထိမ်းမြားရာမှ ဖြစ်ပေါ်လာသော ပုဏ္ဏားမင်းဆက် ဖြစ်သတည်း။
ထိုပုဏ္ဏားမင်းဆက်ကို မာ့ရိုး (လမ်းဟောင်းအတိုင်းလာသူ) သား ဟူ၍ ခေါ်ကုန်၏။ ဤသည်ကါး ဒုတိယအကြိမ် ရခိုင်ပြည်ကို တည်ထောင်သော အာရီယာန် အနွယ်တို့ ဖြစ်သတည်း။
(၃) ကေါက်ကတန်းသားများ(မရမာများ)
ကပိလ၀တ်ပြည်မှ အဉ္ဖုန မင်းကြီးသည် လူဝတ်ကြောင်ကို စွန့်လျှက် ရသေ့ပြုကါ ဂစ္ဆပနဒီ မြစ်ဖျားတွင် နေထိုင်၏။ ထိုရသေ့နှင့် အိန္ဒမာယု စာ့မင်းသမီးတို့ သင့်မြတ်ရာမှ မာရယုကို မွေးသည်။ ထိုမာရယုကို မြို လူမျိုး သင်းထီး ရအောင်လာ ကေါက်ယူမွေးစားသည်။ ထိုမာရယု ကြီးမြင့် လာသောအခါ သင်းထီး ရအောင်လာ သမီး မြိုမ ပိန်ညှာနှင့် လင်မယားပြုသည်။ ထိုမာရယုသည် မင်းစိတ် ရှိ၍ မြို အသင်းသား လူမျိုးတို့ကို ခေါ်ယူ၍ ဓည၀တီ လွင်ပြင်သို့ ဆင်းလာကါ ဓည၀တီ မြို့ကို တည်ထောင် လေသည်။ မာရယု မင်းကြီး ဘိသိတ်ခံသော မိဖုရားမှာကါး ဗြာဟ္မဏရာဇာနှင့် အဉ္စနဒေ၀ီမင်းသမီး တို့မှ ဆင်းသက်လာသော ပုဏ်ဋေးမ ရုစိမာလာ (ရုစိ=အရသာရှိသော၊ မာလာ=ပုလဲသွယ် ပန်း) ဖြစ်သတည်း။ ထို့ကြောင့် ရခိုင်သားစစ်လျှင် မြို ချင်း ခမီး ဟူ၍ ပြောလေ့ရှိသည်။
ဤမာရယု အမျိုး အနွယ် အစဉ်အဆက်ကို မြိုတို့ ကေါက်ယူမွေးစားသဖြင့် လူလားမြောက်လာသည့် အတွက် ကေါက်ကတန်းသား ဟုခေါ်သည်။ ထိုကေါက်ကတန်း သား မင်းစဉ် မင်းဆက်သည် မရမာ ဟူ၍ မိမိကိုယ်ကို ပြောဆိုသဖြင့် မရမာအနွယ် ဟုလည်း ခေါ်သတည်း။
ဤသည်ကါး တတိယ အကြိမ် ရခိုင်ပြည်ကို အာရိယာန်တို့ တည်ထောင် အုပ်ချုပ်သော သမိုင်း နောက်ခံ ဖြစ်သတည်း။
Comments
Post a Comment